Friday, January 20, 2012

Zaykabar Myanmar Open 2012 တွင် မြန်မာဂေါက်သီး ကစားသမားများ အောင်နိုင်ရေးအတွက် အကြိုဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည်...

       မြန်မာပီဂျီအေနှင့် Asian Tour တို့ ပူးပေါင်းကျင်းပပြီး Title Sponsor အဖြစ် Zaykabar Co.,Ltd. က အဓိက ကူညီပံ့ပိုး၍ Presenting Sponsor အဖြစ် Air Bagan က ထပ်မံကူညီသည့် Zaykabar Myanmar Open 2012 တွင် မြန်မာဂေါက်သီးကစားသမားများ အောင်နိုင်ရေးအတွက် အကြိုဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်န၀ါရီ ၂၄ရက်မှ ၂၇ရက်နေ့အထိ Royal Mingalardon Golf & Country Club ၌ ကျင်းပသွား မည်ဖြစ်ရာ ရွေးချယ်ခံထားရသူ ပြိုင်ပွဲဝင် ပရိုကစားသမား ၁၅ဦးနှင့် အပျော်တမ်းကစားသမား ၄ ဦးတို့ ပါဝင် ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။
       ယခုကျင်းပပြုလုပ်မည့် လက်ရည်မြှင့်တင်ရေးအကြိုပြိုင်ပွဲသည် မြန်မာအိုးပင်းအတွက် လက်ရည်မြှင့်တင်ပေးသော ပွဲဖြစ်ခြင်းနှင့် ပွဲအောင်နိုင်ရေးအတွက် နိုင်ငံတကာမှဂေါက်သီး အကျော်အမော်များနှင့် လက်ရည်တူယှဉ်ပြိုင်ကာ အကောင်းဆုံးလက်စွမ်းပြနိုင်ရေးကို ဦးတည်ယှဉ် ပြိုင်စေခြင်းဖြစ်ကြောင်း၊ စိတ်ဝင်စားသူမည်သူမဆို ပြိုင်ပွဲရက်များအတွင်း အခမဲ့လာရောက် ကြည့်ရှုနိုင်ေ ကြာင်း သတင်းရရှိသည်။

Wednesday, January 18, 2012

Zaykabar Myanmar Open 2012 အတွက် ပေါင်းစပ်ညှိနှိုင်းပွဲကျင်းပ..

         
    Zaykabar Myanmar Open 2012 ပြိုင်ပွဲအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို မနေ့က နေ့လည် ၁၂း၀၀ နာရီတွင် Royal Mingalardon Golf & Country Club တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
          အဆိုပါ  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား သို့ မြန်မာနိုင်ငံအားကစားကောင်စီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ကြည်၊ အမှုဆောင် ဦးချမ်းဟန်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။
         ရှေးဦးစွာ မြန်မာနိုင်ငံအားကစားကောင်စီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ကြည်မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှုဆောင်ဦးချမ်းဟန်မှ ဆက်လက်ဆွေးနွေးတင်ပြသည်။         
    ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။ (ဂဖခ)

Thursday, January 5, 2012

2012 PGA Tour Kickoff

A New Year. New Season. And New Superstars.  Watch an all-new PGA TOUR season where new superstars are rising to the top and making a name for themselves.  All the action starts January 6 in Hawaii only on Golf Channel.

2012 PGA Tour Schedule

COMING UP:
January 5-9    
Hyundai Tournament of Champions
January 12-15   
Sony Open in Hawaii
January 19-22   
Humana Challenge in Partnership with the Clinton Foundation
January 26-27   
Farmers Insurance Open

USB Safely Remove

USB Safely Remove ဆော့ဖ်ဝဲလေးပါ။ လိုချင်သူများအောက်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ ကီးမေးခဲ့ရင် သူ့ရဲ့ ကီးလေးက အောက်မှာပေးထားတဲ့ ID နဲ့ ကီးကိုထည့်ပေးလိုက်ပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ID    :nonokh
Key   :B96MSL-4ZBV8-UBESY-3RAAA-AAAAA-AAAAA

ziddu

Kespersky Internet Security 2012

Kespersky Internet Security 2012 ကိုလိုချင်သူများအတွက် အောက်မှာ ဒေါင်းလုပ် ယူလိုက်ကြပါ။ ကီးကိုပါ ထည့်ပေးထားပါတယ်။ ကီးကိုတော့ ထည့်တတ်မယ်လို့ မျှော်လင့်ပါတယ်။ အဆင်မပြေရင် ပြန်ပြော ကြပါ။ ကျေးဇူးတင်ပါတယ်။

kespersky key for 2012-1-4  /   kespersky internet security 2012