Friday, December 9, 2011
အင်္ဂလန်နိုင်ငံမှ ဂေါက်သီးပညာရှင် Mr.Kevin Flynn ရောက်ရှိလာ...
          မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်အနေနှင့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂေါက်သီးအားကစားဖြင့် နိုင်ငံ ဂုဏ်မြှင့်တင်ပေးနိုင်ရေး ရည်မှန်းကာ အားကစားအောင်မြင်မှုများ ရယူနိုင်ရန်အတွက် ကမ္ဘာ့ဂေါက်သီး အဖွဲ့အစည်းကြီးတစ်ခုဖြစ်သော R&A နှင့် အပြန်အလှန် ဆက်သွယ်၍ မြန်မာ့ဂေါက်သီးအားကစားအဆင့်အတန်းမြင့်မားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
           အဆိုပါ အစီအစဉ်များအရ ၄င်းတို့ထံမှ ဂေါက်သီးအားကစားဆိုင်ရာ နည်းပြတစ်ဦးဖြစ်သော Mr.Kevin Flynn, PGA Advanced Professional, European Golf Development Consultant, Tournerbury Golf Centre and Teaching Acadamy, United Kingdom အား ပထမအကြိမ်အနေဖြင့် စေလွှတ်ပေးလိုက်သည်။
ပြည်တွင်းမှ ဂေါက်သီးအားကစားဆိုင်ရာ နည်းပြများအား ဒီဇင်ဘာလ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ မြန်မာဂေါက်သီး
ရိုက်လေ့ကျင့်ရေးကွင်း၊ ကျောက်ရေတွင်း၊ မရမ်းကုန်းမြို့နယ်တွင် လက်တွေ့သရုပ်ပြသ သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
           နောင်တွင်လည်း မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂေါက်သီးအားကစားဝါသနာရှင်များအား သင်ကြားပြသပေးခြင်းနှင့် အားကစားပစ္စည်းကူညီပံ့ပိုးပေးခြင်းဆိုင်ရာများကို R&A နှင့် ဆက်လက်ညှိုနှိုင်းဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
No comments:
Post a Comment